Main menu

အထက်မင်းလှမြို့ ၌ ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံ အထက်မင်းလှမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ရှိရာ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 (၁)လီတာလျှင် ကျပ်(၂၁၃၅)၊ 95 (၁)လီတာလျှင် ကျပ်(၂၂၃၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၂၇၅)၊ ပရီမီယမ် ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၃၉၀)ဈေးနှုန်းများဖြင့်‌ ရောင်းချခဲ့ပြီး (ဒုတိယပတ်)တွင် 92 (၁)လီတာ လျှင် ကျပ်(၂၂၁၀)၊ 95 (၁)လီတာလျှင် ကျပ်(၂၃၃၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၂၂၀)၊ ပရီမီ ယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၃၂၅)ဖြစ်၍ နိုဝင်ဘာလ(ပထမပတ်)နှင့် နှိုင်းယှဉ်လျှင် (ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၇၅)၊ 95 တစ်လီတာလျှင် ကျပ်(၉၅)ဈေးနှုန်းမြင့်ခဲ့ပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ်(၅၅)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၆၅)ဖြင့် ဈေးနှုန်း လျော့ကျလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)