မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သော မုန့်လေပွေမှာ သီတင်းကျွတ်ကာလအတွင်းသာ ရာသီပေါ်သားရေစာအဖြစ်စားရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။
မုန့်လေပွေမုန့်ပြုလုပ်ရာတွင် ဆန်ကွဲကို မုန့်ရည်ကြိတ်ပြီး ရရှိလာသည့်မုန့်အနှစ်များကို မုန့်အိုးထဲတွင် နှမ်းစေ့များထည့်ကား အချပ်ကလေးများပြုလုပ်ရပါသည်။ မုန့်ချပ်အပျော့ဖတ်လေးများရရှိလာသောအခါ ဝါးကပ်များပေါ်တွင် နေလှန်းထားပြီး (၂)နာရီကြာလျှင် မုန့်ဖတ်ကလေးများခြောက်သွေ့လာကာ ၎င်းကို သံဒယ်အိုးအကြီးထဲ၌ သဲနှင့်ရောစပ်ပြီး မီးဖိုပေါ်တင်၍လှော်ရကာ မုန့်သားလေးများမာကျွတ်လာလျှင် ဆန်ကာအကျဲတွင်ထည့်ပြီး မုန့်ချပ်းများကို ဈေးကွက်အတွင်းရောင်းချပါသည်။
ဆန်ကွဲ (၃)ပြည်ကိုကြိတ်လျှင် အချပ်ရေ (၁၀၀၀/၁၃၀၀)ချပ်ရရှိပါသည်။ ကုန်ချောရရှိလာသည့် မုန့်ချပ်အခု (၁၀၀)လျှင် ကျပ် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။
မုန့်လေပွေများကို ရွှေတောင်မြို့နယ်၊ ဖိုးသိမ်းတန်းရွာတွင် ပြုလုပ်ပါသည်။ ၎င်းကို ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)