Main menu

ရွှေတောင်မြို့နယ်၊ (အ.မ.က) ကြက်ဖြူတောင်ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ရွာရှိ (အ.မ.က) ကြက်ဖြူတောင်ကျောင်း၌ (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ နံနက်(၁၁:၀၀) နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ‌ဦးစီးဌာနတို့ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

     အဆိုပါ စားသုံးသူအသိပညာပေးအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ (၄၇)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူးဒေါ်ဇင်မာချောစုကြည်က ကုန်အညွှန်းအမှတ်အသား(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူသိရှိရမည့်အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့နှင့် မူးယစ်ဆေးဝါးများအကြောင်း ဆွေးနွေး ဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်ဇာဇာအောင်က စားဖိုဆောင်မှ တိုင်းရင်းဆေးဖော်စပ်အသုံးပြုနိုင်သောပစ္စည်းများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)