Main menu

ပန်းတောင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

Powered by Drupal

    ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်ဖြန့်ချိလျက်ရှိသည့် Par Bisiure အမှတ်တံဆိပ် (IV/HV injection ) အကြောအားဆေးကို တင်သွင်းရောင်းချလာသည်ဟုသိရှိရပါသဖြင့် (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးများရောင်းချသော မြသွန်းနဒီဆေးဆိုင်၊ ရွှေစိန်ဆေးနှင့်စတိုးဆိုင်၊ အောင်တံခွန်ဆေးဆိုင်နှင့် မိဘဂုဏ်ရည်ဆေးဆိုင်သို့သွားရောက်၍စစ်ဆေးခဲ့ရာ ၎င်းအမှတ်တံဆိပ်ပါ အကြောအားဆေးများကို တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)