
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်မွှေး(YA) တစ်ပြည် ၆၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၉၅၀ ကျပ်ဖြင့် လည်းကောင်း၊ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၇၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းဝယ်ဖြစ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ ဒုတိယပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၇၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ပထမ အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်သီးခြောက်(ရှည်) ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး ကြက်သွန် ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ အားလူးနှင့် ငါးမြစ်ချင်း ဈေးနှုန်းတို့မှာ အနည်းငယ်မြင့် တက်လျက် ရှိပါသည်။ ကျန် အခြေခံ စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရှမ်း)