Main menu

ရှမ်းတောင် ဒေသထွက် သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

   ယခုတစ်ပတ် ပြောင်းသီးနှံမှာ ရပ်စောက်၊ တောင်လေးလုံးတွင် အစိုဓာတ် မလွတ်လျှင် ၈၀၀ ကျပ်ဖြစ်၍ လုံးဝအခြောက်ဆိုလျှင် ၉၇၀ကျပ် ဈေးဖွင့်ထားပြီး၊ ဝယ်လက်နှင့် လမ်းပန်း အခက်ခဲကြောင့် စီးဆင်းမှု ပါးနေပါသည်။ ပြည်တွင်းသုံးအနည်းငယ်စီးဆင်းမှုရှိပြီး၊ အရောင်းအဝယ်အေးနေပြီး၊ စုဆောင်းသိုလှောင်၍ ဈေးကောင်းစောင့်နေပါသည်။ ကြက်သွန်ဖြူ တောင်သူ လက်ကျန်းပါးပြီး ဈေးနှုန်းမြင့်နေသည်။ မျိုးခြား (၉၈၀၀) ကျပ်၊ ထူး၁ (၉၈၀၀) ကျပ်၊ ထူး၂(၁၂၀၀၀)ကျပ်၊ ထူး၃ (၁၂၃၀၀)ကျပ်၊ ထူး၄ (၁၂၈၀၀)ကျပ်၊ ထူး၅ (၁၃၀၀၀)ကျပ်၊ ထူးလွန် (၁၃၅၀၀)ကျပ်၊ ကျူကုတ် လက်ကျန် (၁၂၀၀၀)ကျပ်ဖြင့် ဈေးကွက်လိုအပ်ချက်နည်းပါးမှုကြောင့် စီးဆင်းမှုအနည်းငယ် ပါးနေပါသည်။ နောက်နှစ်လခန့်အသစ်ပေါ်ချိန်ဈေးကျလာနိုင်ပါသည်။

    အာလူးသီးနှံမှာ မာကစ် ၂၀၀၀၊ အရော ၂၉၀၀၊ S1,ok အရော ၂၇၀၀ကျပ်နှင့် မျက်နီ S2 ၂၈၀၀ကျပ်၊ S1၂၅၀၀ကျပ်၊ OK ၂၂၀၀-၂၃၀၀ကျပ်၊ A1 ၁၈၀၀ကျပ်ဖြင့် ဈေးအကျဖက်ရောက်လာ သည်။ သီးနှံအဝင်ပါးလာပြီး ဈေးကွက် တင်ပို့မှုနယ်ပယ်အချိန်အခါအရ နည်းပါးလာသည့်အတွက် စီးဆင်းမှုနည်းနိုင်ပါသည်။ နောက် ၂လခန့်တွင် စကအာလူးပေါ်လာသည်ဖြစ်ရာ တန်‌နေပါသည်။ချင်းသီးနှံမှာ အခက်ကြီး (၃၈၀၀)ကျပ်၊ အလတ်စ(၃၅၀၀)ကျပ် ဈေးဖွင့် ထားသော်လည်း လမ်းပန်းအခြေအနေအရ ဝယ်လက်မရှိသဖြင့် အဝယ်ပါးနေပြီး စီးဆင်းမှုနည်းနေပါသည်။

    ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၆၀၀-၈၀၀ကျပ်၊ ပန်းပွင့် ၁၂၀၀-၁၄၀၀ကျပ်၊ ကျူးမြစ်အပင် နှင့်တွဲလျက် ၁၈၀၀-၂၃၀၀ကျပ်၊ ကျူးမြစ်အပင်ဖြတ် ၃၇၀၀ကျပ်၊ သံပုရာ (ရွာငံ) ၄၀၀၀-၄၈၀၀ ကျပ်၊ ငြုပ်ပွ ၂၃၀၀-၂၅၀၀ကျပ်၊ ဘိုစာ ၁၅၀၀-၁၇၀၀ကျပ်၊ ခရမ်းသီး ၁၁၀၀-၁၃၀၀ကျပ်၊ ရွှေပဲ ၆၀၀၀-၆၅၀၀ကျပ်၊ ကျောက်ဖယုံ ၇၀၀ကျပ်၊ ဥနီ ၁၁၀၀-၁၃၀၀ကျပ်၊ မုံညှင်း ၁၀၀၀-၁၂၀၀ ကျပ်၊ ခရမ်းချဉ်ဂွတ်သီး ၁၃၀၀ ကျပ်၊ ရှယ်သီး ၁၁၀၀-၁၂၀၀ကျပ်၊ ခရမ်းချဉ် သံယောင်အရဲ ၈၀၀-၁၀၀၀ ကျပ် ဈေးပေါက်နေသော်လည်း အချို့ဒေသများ၏ လမ်းပန်းအခြေအနေအရ ဈေးကွက်လျှော့ နည်းလာသဖြင့် ကုန်စည်ဈေးနှုန်းအကျဖက် ရောက်လာမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဈေးကွက် နည်းပါးနေသော်လည်း သီးနှံကုန်စည်များသည် သင့်တင့်သော ဈေးနှုန်းဈေးကွက်သို့ ဆက်လက်စီးဆင်းနေကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA (ရှမ်း)