ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးကွက်အတွင်းရောင်းချနေသော စည်သွပ်အစားအစာနှင့် စားသုံးဆီအမျိုးမျိုးတို့၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချ၍ ၎င်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)