Main menu

ကျောက်ဆည်ခရိုင်တွင်မိုးစပါးများဖြိုင်ဖြိုင်ရိတ်သိမ်းပြီ

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအနေဖြင့်၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင်(၁၅၆,၄၅၅)ဧက၊၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၅၂,၇၉၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉,၁၅၆)ဧက၊ မြစ်သားမြို့နယ်တွင်(၆၁၂၈၇)ဧက ၊ တံတားဦးမြို့နယ်တွင် (၁၃,၄၆၅)ဧက၊ စုစုပေါင်း(၁၅၆,၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက် (၂၅၂)ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ ပါသည်။ ယခုအချိန်တွင် မိုးစပါးများ ရိတ်သိမ်းနေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင်(၂၄,၂၈၁)ဧက ၊ မြစ်သားမြို့နယ်တွင်(၂၀၅)ဧက ၊ တံတားဦးမြို့နယ်တွင် (၅,၅၈၀)ဧက ၊ စုစုပေါင်း (၃၀,၀၆၆)ဧက ရိတ်သိမ်းပြီးအထွက်နှုန်းအနေဖြင့် (၉၂.၁၃)တင်း၊ အထွက်စုစုပေါင်း(၂,၇၇၀,၀၆၆)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများ အထွက်နှုန်း ပိုမို ကောင်းမွန်ပြီး မိုးစပါးစျေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင်(၉၀၀,၀၀ဝိ/-မှ၉၅၀,၀၀ဝိ/-)ကျပ်ရှိပြီး ယခုနှစ်တွင် နေရာဒေသနှင့် စပါးအရည်အသွေးပေါ်မူတည်ပြီး ဧရာပဒေသာစပါး တင်း(၁၀၀) လျှင် (၈၅၀,၀၀ဝိ/- မှ ၉၀၀,၀၀ဝိ/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဆန်စျေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် ဧရာပဒေသာဆန် တစ်တင်းခွဲတစ်အိတ်လျှင် (၃၅,၀၀ဝိ/- မှ ၃၈,၀၀ဝိ/-)ကျပ်စျေးနှုန်းရှိပြီး ယခုနှစ် တွင်ဧရာပဒေသာ ဆန် တစ်တင်းခွဲတစ်အိတ် လျှင်(၃၄,၀၀ဝိ/- မှ ၃၅,၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက် ရှိကြောင်းသိရှိရပါသည်။

      ဧရာပဒေသာစပါး တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၄၁၀,၀၀ဝိ/-) ကျပ်ဝန်းကျင်ခန့်ကုန်ကျပြီး စပါးစျေးနှုန်းမှာယခင်နှစ်ထက် စျေးနှုန်းအနည်းငယ်လျော့နည်းသော်လည်း အထွက်နှုန်းအနေဖြင့် (၈၃-၈၅)တင်း ထွက်ရှိသောကြောင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၃၀၀,၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့် ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး