Main menu

အ.ထ.က (၃) အင်းစိန်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီလာဝင်းအပါအဝင် (၄)ဦးတို့သည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစီစီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်နီလာဦးက ဌာန၏ဖွဲ့စည်းပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများ၊ အမှတ်တံဆိပ်မပါသော အစားအသောက်များကိုဝယ်ယူခြင်းမပြုရန်နှင့် ဘေးကင်းလုံခြုံသည့်အစားအသောက်များကို ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၁၇)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)