Main menu

ဘားအံမြို့၊ ရေပေါ်စံပြဈေးတွင် ရောင်းချနေသော ငါးခြောက်/ပုစွန်ခြောက်ဈေးနှုန်း

Powered by Drupal

ဘားအံမြို့၊ ရေပေါ်စံပြဈေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်၊ ရေးမြို့နယ်၊ ရန်ကုန်မြို့ ၊ မန္တလေးမြို့ တို့မှ အသီးသီး ဝင်ရောက်လျက်ရှိ ကြောင်းသိရပါသည်။ ငါးခြောက်နှင့် ပုစွန်ခြောက် ဈေးနှုန်းများမှာ ထွက်ရှိရာ ဒေသကို မူတည်၍ လည်းကောင်း၊ အရည်အသွေးကို လိုက်၍ လည်းကောင်း အနည်းငယ်ကွာခြားမှု ရှိပါသည်။
နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ၇၀၀၀၀ကျပ်၊ ပုစွန်ခြောက်(အလတ်) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ပုစွန်ခြောက်(အသေး) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုစွန်ခြောက်အခွံပါ အမှုန်ခြောက် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးနှပ်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် (၂၀၀၀၀ မှ ၂၅၀၀၀)ကျပ်၊ ငါးနှပ်ခြောက်(အကောင်ကြီး) တစ်ပိဿာလျှင် (၄၀၀၀၀ မှ ၄၅၀၀၀)ကျပ်၊ ငါးရောင် အသားမျှင်ခြောက် တစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်၊ ငါးအိပေါင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးဗြတ်လုံး တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးရောင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးတန်ခြောက် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာလျှင် (၁၆၀၀၀ မှ ၂၀၀၀၀)ကျပ်၊ ငါးလျှာဖြတ် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးခွေးလျှာခြောက် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ မီးတန်သွယ်ခြောက် တစ်ပိဿာလျှင် (၁၅၀၀၀ မှ ၁၇၀၀၀)ကျပ်၊ တီလားဗီးယားငါးခြောက်(အချို) တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ငါးရွှေခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် တို့ဖြစ်ပြီး ဈေးနှုန်းများမှာ အပတ်စဉ်အလိုက် အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်း ငါးခြောက်ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။
DOCA(ကရင်)