Main menu

မိုဇမ်ဘစ်နှင့်ရေးထိုးထားသည့် ပဲကုန်သွယ်မှု စာချွန်လွှာကို ရုတ်သိမ်းရန် အိန္ဒိယကုန်သည်များ တောင်းဆို

Powered by Drupal

မိုဇမ်ဘစ်နိုင်ငံမှ နှစ်စဉ် ပဲစင်းငုံတန်ချိန် ၂ သိန်းကို ၂၀၂၅-၂၆ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် ကတိကဝတ်ပြုထားသည့် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးထားရှိသော ပဲကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြန်လည်ရုတ်သိမ်းရန် အိန္ဒိယကုန်သည်များက အစိုးရသို့ တိုက်တွန်းခဲ့ကြကြောင်း သိရှိရပါသည်။
အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (Indian Pulses and Grains Association ̶ IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က မိုဇမ်ဘစ်နိုင်ငံ၌ ဩဇာအာဏာရှိသည့် ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးသည် အိန္ဒိယသို့ ပဲစင်းငုံများ တင်ပို့နိုင်ခြင်း မရှိအောင် လွှမ်းမိုးချုပ်ကိုင် လျက်ရှိကြောင်း၊ အခြားပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပဲစင်းငုံများကို ၎င်းထံသို့သာ ရောင်းချစေရန် တွန်းအားပေး လုပ်ဆောင်ပြီး ဈေးနှုန်းများ မြင့်တက်တက်လာစေရန် သိုလှောင်ဈေးကစားမှု ပြုလုပ်နေကြောင်း၊ လက်ရှိ မိုးသီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ပဲစင်းငုံထွက်ရှိမှုမှာ ဆက်လက်လျော့နည်းကျဆင်း မည့် အခြေအနေရှိပြီး အိန္ဒိယအနေဖြင့် ရှေ့လာမည့်နှစ်တွင် ရောင်းလိုအား ကျပ်တည်းမှုကို ထပ်မံ ကြုံတွေ့ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၂-၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ပဲစင်းငုံထွက်ရှိမှု နည်းပါးခဲ့ရာ ပြည်တွင်း ဈေးကွက်၌ ပဲစင်းငုံဈေးနှုန်းများမှာ အမြင့်ဈေးတွင် တည်ရှိနေခဲ့ပြီး မိုဇမ်ဘစ်၊ မြန်မာနှင့် မာလာဝီ နိုင်ငံများထံမှ တင်သွင်းနေရကြောင်း၊ အိန္ဒိယရှိ ပဲမျိုးစုံတင်သွင်းသူများအနေဖြင့် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ ဝယ်ယူရရှိနိုင်ရန်မှာ လွန်ခဲ့သော ၂ လ ခန့်မှစ၍ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်လာရကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။
Source: Economic Times, 9 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)