စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင် (ရုံးအုပ်) က ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဈေးသူ/ဈေးသားစုစုပေါင်း (၁၁)ဦးခန့်တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နေ့လယ် (၁၁:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(နေပြည်တော်)