Main menu

ကရင်ပြည်နယ် ဘားအံခရိုင်၏ နိုဝင်ဘာလ တတိယအပတ် စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပြီး ဘားအံခရိုင်အတွင်းဖြစ်ပေါ်နေသော  ဆန်စီးဝင်/ စီးထွက်အခြေအနေ များကို ဖော်ပြလိုက်ရပါသည်။

   ဘားအံခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ မနောသုခစပါး(ဟောင်း)တင်း (၁၀၀)လျှင် ကျပ် ၂,၀၀၀,၀၀၀ နှင့် နွေစပါး(သစ်) တင်း(၁၀၀)လျှင် ကျပ် ၁,၇၀၀,၀၀၀၊ သထုံပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၁၄၀၀၀၊ မနောသုခ ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀ နှင့် ရွှေသွယ်ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ ဖြစ်ပြီး  ဘားအံမြို့သို့  ရန်ကုန်မြို့မှ ဆန်အိတ်ရေ ၈၆၅၀ အိတ်၊ သထုံမြို့မှ ၁၁၁၀ အိတ်နှင့် ဝေါမြို့မှ ၉၃၀ အိတ်၊ စုစုပေါင်း (၁၀၆၉၀)အိတ် စီးဝင်ခဲ့ကြောင်းနှင့် စီးထွက်မှုအနေဖြင့် ကရင်ပြည်နယ်မှ ထွက်ရှိသောစပါးအချို့မှာ ပဲခူးတိုင်းသို့ စီးထွက်သွားကြောင်း  ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရပါသည်။

DOCA(ကရင်)