Main menu

မကွေးတိုင်းဒေသကြီး၌ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ(၁၀/၂၀၂၃) ကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြူကြူလှိုင်(ဒု-ဦးစီးမှူး)က ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဌေးဌေး(ဒု-ဦးစီးမှူး)က စားသုံးသူများ၏အ‌ခြေခံအခွင့်အရေးနှင့် သိရှိလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်ဖြူသီခိုင်(ဒု-ဦးစီးမှူး)က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းအကြောင်းကိုလည်းကောင်း၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဦးဝေယံလွင်(ဌာနခွဲစာရေး)က ပုံသေပိုင်(၉)မျိုးအကြောင်းသိကောင်းစရာများကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများ၏ သိရှိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့်ဌာနတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ၊ စုစုပေါင်း(၃၉)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)