၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၇၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၁၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၉၅၀၀)ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုး အစားအလိုက် (၁၀၀၀၀) ကျပ် မှ (၁၁၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၈၅၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
နိုဝင်ဘာလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်နိုဝင်ဘာလ ဒုတိယအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ချင်းတက်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၅၀၀) ကျပ် နှုန်းမြင့်တက်လျက်ရှိပြီး အခြားအခြေခံစားကုန်ဈေးနှုန်း များကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး ဈေးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)