စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးသည် (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ တရုတ်လှစံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနများနှင့်အတူ ကျောင်းသား/ သူများနှင့် ဆရာ/မများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူအခွင့်အရေးများ၊ တာဝန်များအကြောင်းကိုလည်းကောင်း၊ အစားအသောက်များကိုဝယ်ယူစားသုံးရာ၌ စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်အတွက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ တွင်ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို သိရှိမြင်သာအောင် နမူနာမုန့်ထုပ်များဖြင့် ရှင်းပြခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းသား/သူ (၂၂၈)ဦးနှင့် ဆရာ/မ (၈) ဦးအပါအဝင် စုစုပေါင်း (၂၃၆)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)