Main menu

ဖြူးမြို့တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးတက်

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၃၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ တတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာ လျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ တတိယ အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ အထိဖြင့် ဈေးတက်ပါသည်။

   အာလူးမှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာတတိယ အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးတက်ပြီး ငရုတ်သီးခြောက်မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ကုလားပဲခြမ်းမှာ  တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲလုံးမှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် ၄၂၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာတတိယ အပတ်တွင် တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။ မြေပဲဆံ(အနီ)မှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာတတိယအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာ လျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)