
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား (၁၃.၁၁.၂၀၂၃)ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်ရဲရုံး၊ ယာဉ်ထိန်း၊ သတင်းတပ်ဖွဲ့၊ မကွေးမြို့နယ်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၁၅၀)နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်း၊ စုစုပေါင်း စားအုန်းဆီ ပိဿာ(၁၁၀၀)ပိဿာ ရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှဦးဆောင်၍ ဝန်ထမ်းများမှကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)