Main menu

မကွေးမြို့၊ ကန်သာစျေး၌ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်းဖြစ်ပေါ်နေသော ကုန်စျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်ကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကန်သာစျေးအတွင်းရှိ နိုဝင်ဘာလ(ဒုတိယ ပတ်)အတွင်း ရောင်းချလျှက်ရှိသော ကုန်စျေးနှုန်းများမှာ ရွှေဘို(ပေါ်ဆန်း) (၁)ပြည်လျှင် ကျပ်(၆၀၀၀)၊ မနောသုခ(မြောင်းမြ) (၁)ပြည်လျှင် ကျပ်(၄၅၀၀)၊ ရတနာတိုးဆန် (၁)ပြည်လျှင် ကျပ်(၂၉၀၀)၊ ရက်(၉၀) (၁)ပြည်လျှင် ကျပ်(၄၀၀၀)၊ ဧရာပဒေသာ(ပွင့်ဖြူ) (၁)ပြည်လျှင် ကျပ်(၅၈၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၄၅၀၀)၊ ငရုတ်သီးခြောက်အရှည် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သွန်နီ(ဟောင်း) (၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆား(ကြမ်း) (၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)၊ ဆား(ချော) (၁)ပိဿာလျှင် ကျပ်(၁၀၀၀-၁၂၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၆၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၆၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ငါးမြစ်ချင်း (၁) ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၅၀-၂၇၀)နှင့် ဘဲဥ (၁)လုံးလျှင် ကျပ်(၃၅၀-၄၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)