Main menu

မအူပင်ခရိုင်းဦးစီးမှူးရုံး၌ Thursday Talk ပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းများအလှည့်ကျ လေ့ကျင့်ဟောပြောခြင်းလုပ်ငန်းကို အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်အထောက်အကူပြု Thursday Talk ပြုလုပ်ခဲ့ပါသည်။

  အဆိုပါ Thursday Talk ဆွေးနွေးပွဲတွင် စာသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်၊ မျော်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သောနည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ခရိုင်ရုံးဝန်ထမ်းစုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)