Main menu

မကွေးခရိုင်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဓါတ်မြေဩဇာစျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိမြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်) တွင် ဈေးကွက်အတွင်းရောင်းချနေသောဓါတ်မြေဩဇာမှာ ပုံမှန်အရောင်းအဝယ်သာရှိနေကြောင်း သိရပါသည်။

  ယခုတစ်ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ မကွေးမြို့တွင် အာမို (၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ MC(၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ တက်တိုး (၁၅:၇:၈)တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရွှေပုလဲ(မြင်းကျား)တစ်အိတ်လျှင် ကျပ်(၆၀၀၀၀)၊ နတ်မောက် မြို့နယ်တွင် ကောမတ်(G-46)တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)၊ အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ ရွှေကောမတ်တစ်အိတ်လျှင် ကျပ်(၁၀၈၀၀၀)၊ ကွန်ပေါင်း(သီးစုံ)တစ်အိတ်လျှင် ကျပ် (၇၁၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ်(၁၀၆၀၀၀)၊ တောင်တွင်းကြီးမြို့တွင် ယူရီးယား တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ရွှေကောမတ်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ အာမို(၁၆:၁၆:၁၆)တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)နှင့် မြို့သစ်မြို့တွင် ပုလဲ(ပန်းဖူး)တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ကွန်ပေါင်း(၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ရွှေပုလဲ(မြင်းကျား)တစ်အိတ်လျှင် ကျပ်(၆၅၀၀၀)တို့ဖြစ်ကြောင်း မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့နယ်များရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)