Main menu

မင်းလှမြို့နယ်၏ စပါး/ဆန်ဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခစပါး၊ (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၃၂၀၀၀) ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် အစိုဓာတ် (၁၈%၂၀%) ရှိသော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၇၂၀၀၀) ကျပ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် အစိုဓာတ် (၁၅%၁၆%) ရှိသော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၃၅၀၀၀) ကျပ်၊ စပါးခြောက်၍ သန့်သော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၆၅၆၀၀၀) ကျပ်ထိပေးကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

     နိုဝင်ဘာလ တတိယပတ်တွင် ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊ မနောသုခဆန်အ‌ဟောင်း ဆန်ကာတင် (၁) အိတ်လျှင် (၇၅၀၀၀) ကျပ်နှင့် ဆန်အသစ်(၁) အိတ်လျှင် (၆၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)