
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ရာမှ နိုဝင်ဘာလ ပထမပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။
တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲတစ်တင်းဈေးနှုန်းများမှာ နိုဝင်ဘာလ(၉) ရက်နေ့တွင် (၉၈၀၀၀) ကျပ်၊ (၁၀) ရက်နေ့တွင် (၉၆၅၀၀) ကျပ်၊ (၁၁) ရက်နေ့တွင် (၉၇၈၀၀) ကျပ်၊ (၁၂) ရက်နေ့တွင် (၉၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)