Main menu

နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၉၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၃၀၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၈၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၃၁၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၇၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၅၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၉၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၅) ကျပ် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(မွန်)