
မွန်ပြည်နယ်၊ မော်လမြိုင်ကုန်စည်ဒိုင်၌ ၁၃.၁၁.၂၀၂၃ မှ ၂၀.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပုစွန်ဈေးနှုန်းများမှာ ပုစွန်ပျော့(အကြီး) ၁ပိဿာလျှင် ကျပ် ၂၁၀၀၀၊ ပုစွန်ပျော့(အသေး) ၁ပိဿာလျှင် ကျပ် ၁၈၃၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အကြီး) ၁ပိဿာလျှင် ကျပ် ၆၀၅၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အလတ်) ၁ပိဿာလျှင် ကျပ် ၄၄၅၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အသေး) ၁ပိဿာလျှင် ကျပ် ၃၉၀၀၀ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
ပုစွန်ခြောက်ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) ၁ပိဿာလျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်ထိလည်းကောင်း၊ ပုစွန်ခြောက်(အလတ်) ၁ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ပုစွန်ခြောက်(အသေး)(အမြင့်ဆုံးဈေး) ၁ပိဿာလျှင် ၅၄၀၀၀ ကျပ်၊ ပုစွန်ခြောက် (အသေး) (အနိမ့်ဆုံးဈေး) ၁ပိဿာလျှင် ၄၂၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)