Main menu

ချောက်မြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်း(ပျဉ်းမကျောင်း)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်း (ပျဉ်းမကျောင်း)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

   ရှေးဦးစွာ ပြန်ကြားရေးနှင့် ပည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “သုံးစွဲရန်မသင့်သောဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သည့်ပစ္စည်းများကို ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအေးက “ရေချိုသယံ ဇာတအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

    ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်‌ရောက်‌ဟောပြောခဲ့သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ လူငယ်ရေးရာအသိပညာ ဩပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ မူလတန်းအဆင့် ‌ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်ဆိုးဆေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိတ္တဗလနှင့် မိတ်ဆွေကျင့်ဝတ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး ကလေးများအား ပုံပြင်ပြောပြခြင်းအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)