စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၄/၂၀၂၃)သင်တန်းကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး(CICC)ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများ၏တာဝန်၊ ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများ၊ ဌာန၏လုပ်ငန်းတာဝန်များကိုသိရှိနားလည်ပြီး ပေးအပ်သည့်တာဝန်များကို ကျေကျေပွန်ပွန်ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားနိုင်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းပို့ချသူများက မှန်ကန်တိကျသောရုံးစာရေးသားနည်းများ၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့်အခွင့်အရေးများ၊ စားသုံးသူတိုင်ကြားမှုများ လက်ခံဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်များ၊ ငွေစာရင်းခေါင်းစဉ်အလိုက် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ၊ ဘဏ္ဍာရေးကျင့်စဉ်(၅)ရပ်နှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကိုသင်ကြားပို့ချခဲ့ရာ ဝန်ထမ်း (သင်တန်းသား/သူ) စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)