
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးအဓိကစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်သဖြင့် နှစ်စဉ် မိုးစပါးစိုက်ဧက(၃)သိန်းကျော်နှင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ နွေစပါးများစိုက်ပျိုးလျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ခင်ဦးမြို့နယ်ဟူ၍ မြို့နယ်(၃)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပြီး (၂၀၂၃-၂၀၂၄) ခုနှစ်တွင် မိုးစပါး(၃၄၇၀၂၉)ဧကစိုက်ပျိုးထားပြီး ရွှေဘိုပေါ်ဆန်းစပါး (၂၁၈၃၄၄)ဧက၊ ဧရာမင်းစပါး(၆၅၇၅၀)ဧက၊ မနော်ဟရီစပါး(၂၃၆၅၄)ဧက၊ IR-747 စပါး(၁၇၅၃၂)ဧက၊ ရွှေသွယ်ရင်စပါး(၂၁၆၁၇)ဧကနှင့် ဆင်းသုခစပါး(၁၃၂)ဧကစိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။
ယခုအချိန်တွင် မိုးစပါးများစိုက်ပျိုးထားရှိပြီး မိုးစပါးများကိုပျိုးထောင်၍စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချ၍စိုက်ပျိုးခြင်းဟူ၍ နည်းလမ်းနှစ်မျိုးဖြင့်စိုက်ပျိုးကြရာ ပျိုးထောင်စိုက်(၂၁၉၅၀၄)ဧကနှင့် တိုက်ရိုက်အစေ့ချစိုက်(၁၂၇၅၂၅)ဧကရှိကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးရာတွင် ဇွန်လ၌စတင်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့်မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးသည့်တောင်သူဦးကြီးများအနေဖြင့် ယခုနှစ်တစ်ဧကအထွက်နှုန်းကို ယခင်နှစ်ထက် ပိုမိုထွက်ရှိရန်မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)