Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၇၀၀၀ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၀၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၃၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၄၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၀၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၉၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၈၇၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၈၃၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၈၄၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၂၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၂၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

  မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၉၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

  မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၉၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၄၅၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၆၇၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၈၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်ရှစ်ရာခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

  မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၂၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၆၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၀၀,၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၁၂၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းသုံးထောင်မှ တစ်သောင်းရှစ်ထောင်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)