Main menu

ဈေးကောင်းရနေတဲ့ ထန်းပင်ပေါက်

Powered by Drupal

  ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးလေ့ရှိပါသည်။ အချို့ကလည်း ထန်းမြစ်ကြော်၊ ထန်းမြစ် နှမ်းထောင်းစသဖြင့် အမျိုးမျိုးစားလေ့ရှိကြပါသည်။ ပြည်မြို့အနီးတဝှိက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ရွှေဝါမြေ၊ ပုတီးကုန်းအစရှိသော ကျေးရွာများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ပြည်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ အဆိုပါ ထန်းပင် မြစ်စိုက်ပျိုးရန်အတွက် ထန်းသီးစေ့အရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်း များတူး၍ မြှုပ်ပြီးစိုက်ပျိုးကာ တန်ဆောင်မုန်း လဆန်းပိုင်းလောက်တွင် ထန်းပင်မြစ်တူးဖော်ရရှိ ပြီး အချောင်း ၅ ချောင်းပါသော တစ်စီးလျှင် ကျပ် (၇၀၀)၊ အချောင်း (၁၀) ပေါင်း တစ်စီးလျှင် ကျပ် (၂၅၀၀) မှ (၂၀၀၀) ကျပ်ထိ၊ အချောင်း (၁၅) ချောင်းပါတစ်စီးလျှင် ကျပ် (၃၀၀၀) ထိ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)