Main menu

ပြည်မြို့၏ ရာသီစာချဉ်ပေါင်ဖူး

Powered by Drupal

      ပြည်မြို့ပေါ်ဈေးများတွင် ယခုနိုဝင်ဘာလလယ်ခန့်တွင် ရာသီစာချဉ်ပေါင်ဖူးများ ဝင်ရောက်လာပြီဖြစ်ပြီး ပြည်မြို့အနောက်ဖက်ကမ်း ငွေဘုံသာ၊ ညောင်ပင်သာ၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများမှ ဝင်ရောက်မှုရှိလာကြောင်း သိရပါသည်။ ယခုလို ချဉ်ပေါင်ရွက်ကျချိန်တွင် ထွက်ပေါ်လေ့ရှိပြီး ချဉ်ပေါင်ပလပ်ခေါ် ချဉ်ပေါင်ဖူးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိရာ ချဉ်ပေါင်ဖူးယိုပြုလုပ်ရောင်းချသူများမှ လှိုင်လှိုင်ပေါ်ချိန်တွင် အဝယ်သွက်ကြောင်း သိရပါသည်။ ချဉ်ဖြုံးဖြုံး အရသာရှိပြီး အနီရောင်ချဉ်ပေါင်ဖူးများကို ပုစွန်ခြောက်၊ ငပိ၊ ကြက်သွန်နီနှင့်ကြော်၍လည်းကောင်း၊ ငါးခြောက်နှင့် ငပိချက်ချက်၍လည်းကောင်း စားသုံးကြပြီး သရေစာအဖြစ် ချဉ်ပေါင်ဖူးကို အခြောက်လှမ်းကာ ထန်းလျက်၊ သကြားတို့ဖြင့် ယိုထိုးကာ စားသုံးကြပါသည်။

      ချဉ်ပေါင်ဖူးကို သကြား၊ ဆားအနည်းငယ်ဖြင့် ရောကြိုပြီး ဆူလာပါက အအေးခဲကာ ဖျော်ရည်အဖြစ် သောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို ပျောက်ကင်းစေပြီး လူကိုလန်းဆန်းစေနိုင်ပါသည်။

    ပြည်မြို့ပေါ် ဈေးကွက်များ၌ ယခုပေါ်ကာစ ရှားပါးချိန်တွင် ချဉ်ပေါင်ဖူး (၁၅)ဖူးပါ တစ်တွဲ လျှင် ကျပ် (၂၀၀ - ၂၅၀) ဖြင့် ရောင်းချမှုရှိပြီး ၁၀တွဲတစ်တွဲလျှင် ကျပ် (၁၈၀၀ - ၂၀၀၀) နှုန်းတို့ ဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)