
ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ရွာရှိ တောင်သူဒေါ်စန်းစန်းဦး၏ ပင်ဆိုင်စိုက်ခင်းသို့ (၂၁.၁၁.၂၀၂၃)နေ့ ၊နံနက် (၁၀:၃၀)တွင် သွားရောက်လေ့လာခဲ့ပါသည်။ ပင်ဆိုင်ပင်များကို သီတင်းကျွတ်လတွင်စိုက်ပျိုးပြီး တစ်လကြာလျှင် ပင်ဆိုင်ပင်များ နှုတ်လို့ရပါသည်။ ပင်ဆိုင်ကို တစ်ပင်နှင့်တစ်ပင် ၁ ပေအကွာတွင် စိုက်ပျိုးပြီး မြောင်း (၁၀)မြောင်းတူး၍ မြောင်း (၁၀)မြောင်းကို မျိုးစေ့ ၁ ထုတ်စိုက်ပျိုးပါသည်။ ပင်ဆိုင်ပင်များ တစ်လလုံးအတွက် အစာကို ၂ ပြည်အနည်းဆုံး ကျွေးရပါသည်။ ပင်ဆိုင်အပင်အားကောင်းရင် အပင် (၅၀၀၀)ထွက်ရှိသည်။ ပင်ဆိုင်ပင်များကို တစ်နေ့ကို အပင် (၁၀၀)မှ အပင် (၁၅၀)အထိနှုတ်လို့ရပါသည်။ ပင်ဆိုင်ပင်များကို ဒိုင်များမှ အပင်အကြီး၊ အသေး (၁၅၀)ကျပ်ဖြင့် လာရောက်သိမ်းယူသည်။ လက်လီဈေးမှာ ပင်ဆိုင်တစ်ပင်ကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ဖြင့် ရောင်းချပါသည်။ ပင်ဆိုင်မျိုးတစ်ထုတ် စိုက်ပျိုးခြင်း၏ ကုန်ကျစရိတ်မှာ (၁၀၀၀၀)ကျပ် ကုန်ကျပြီး အပင်များထွက်ရှိပါက တစ်နေ့ကို အနည်းဆုံး (၂၀၀၀၀)ကျပ် ဝင်ငွေရရှိသောကြောင့် တစ်လကြာစိုက်ပျိုးရသော အပင်ဖြစ်ပြီး အကျိုးအမြတ်များများရရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)