Main menu

ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပြောင်းသီးနှံမှာ အစိုဓာတ်မလွတ်လျှင် ၈၀၀ကျပ်နှင့် အစိုဓာတ်လွတ်လျှင် ၉၅၀ကျပ်ဈေးပေါက်နေပြီး လမ်းပန်းအခက်အခဲကြောင့် စီးဆင်းမှုအေးနေပါသည်။ အရောင်းအဝယ်မှာလည်း တောင်သူက ဈေးစောင့်ပြီး ကုန်သည်ပွဲစားများကလည်း ဝယ်လက်စောင့်နေသည့်အတွက် နိုဝင်ဘာလကုန်ပိုင်းလောက်မှ အားကောင်းလာမည်ဟုသုံးသပ်မိပါသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာလည်း းမျိုးခြား ၈၅၀၀ကျပ်၊ ထူး ၉၅၀၀ကျပ်၊ ထူး ၂.၁၀၀၀၀ကျပ်၊ ထူး ၃.၁၁၀၀၀ကျပ်၊ ထူး ၄. ၁၂၀၀၀ကျပ်၊ ထူး ၅. ၁၂၅၀၀ကျပ်၊ ထူးလွန် ၁၂၈၀၀ကျပ်၊ ကြူကုတ် (၁၂၀၀၀/၁၄၀၀၀)ကျပ်ဈေးပေါက်နေပြီး ယခင်အပတ်အောက် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ခန့်ဈေးကျလာခဲ့ပါသည်။ ဈေးနှုန်းဈေးကွက်အရ စားသုံးသူသုံးစွဲမှုလျော့ကျနိုင်ပါသည်။ ရှမ်းကြက်သွန်ဖြူအသစ်ပေါ်ချိန်လည်းနီးလာပြီဖြစ်ရာ ထိုအချိန်တွင် ဈေးနှုန်းကျဆင်းပြီး စီးဆင်းမှုကောင်းလာနိုင်ကြောင်းသုံးသပ်ရပါသည်။

    အာလူးသီးနှံမှာ မျက်နီ S2 ၃၀၀၀ကျပ်၊ မျက်နီ S1 (၂၅၀၀/၂၇၀၀)ကျပ်၊ မျက်နီ OK A1 ၁၃၀၀ကျပ်မှ ၂၂၀၀ကျပ်အထိ၊ မားကစ် S1 S2 အရော ၃၅၀၀ကျပ်၊ မားကစ် S1OK အရော ၃၀၀၀ကျပ်ဈေးပေါက်နေပြီး   ပွဲရုံများတွင် ကုန်ဝင်/ ကုန်ထွက်နည်းပါးနေပါသည်။ (စက)အာလူးပေါ်ချိန်နီးလာပြီဖြစ်သည့်အတွက် ဈေးကွက်လိုအပ်ချက်ကိုကြည့်၍ စီးဆင်းနေကြရာ ယခင်အပတ်အောက် စီးဆင်းမှုလျော့ကျနိုင်ပါသည်။ ချင်းသီးနှံမှာလည်း အခက်ကြီးအသစ် ၃၀၀၀ကျပ်ခန့်ဈေးဖွင့်ဝယ်နေသော်လည်း လမ်းပန်းကြောင့် ရခိုင်ဘက်သို့ စီးဆင်းမှုရပ်တန့်ကာ ယခင်အပတ်တွင် စီးဆင်းသွားသည့်ကားများ ပြန်လှည့်လာရ၍ အောင်ပန်းပွဲရုံများတွင် ပြန်လည်သိုလှောင်ရောင်းချနေရပါသည်။

    ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၆၀၀/၈၀၀) ကျပ်၊ ပန်းမုံလာ (၈၅၀/၁၀၀၀) ကျပ်နှင့် ခရမ်းချဉ်ရှယ်သီး ၁၂၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ အသေး ၈၀၀ကျပ်နှင့် အစိမ်း/သံယောင်အကြီး ၁၀၀၀ကျပ်၊အလတ် (၅၀၀/၆၀၀)ကျပ်နှင့်  အသေး ၄၀၀ကျပ်ဖြစ်၍ ယခင်အပတ်အောက် ၂၀၀ကျပ်ခန့်ဈေးကျလာပါသည်။ ဘိုစားပဲ ၈၀၀ကျပ်၊ ဥနီ (၁၀၀၀/၁၁၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၅၀/၇၀၀)ကျပ်၊ ရွှေပဲ (၃၅၀၀/၄၀၀၀) ကျပ်၊ ခရမ်းသီး ၈၀၀ကျပ်၊ ငြုပ်ပွ ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ခန့်၊ သံပရာသီး ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ၊ ဂျူးမြစ် ၃၇၀၀ကျပ်၊ ငြုပ်သီးစိမ်း(ကုလားအော်) ၅၀၀၀ကျပ်၊ သာမို 11 ၄၅၀၀ကျပ်၊ ကျောက်စိမ်း ၃၅၀၀ကျပ်ဖြစ်၍ ငြုပ်သီးခြောက်ရှမ်းသွယ်စ (၁၂၀၀၀/၁၃၀၀၀)ကျပ်၊ ရှမ်းပွခြောက် ၁၂၀၀၀ကျပ်ဈေးပေါက်နေပြီး ရှမ်းတောင်ထွက်သစ်သီးများမှာ ဆန်းကစ် ၂၄၀၀ကျပ်၊ လိမ္မော်သီး ၂၅၀၀ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ထောပတ်သီးတစ်အိတ်လျှင် ၁၇၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်အထိ(တစ်အိတ်လျှင် ပိဿာ ၃၀ခန့်) ဈေးပေါက်နေပြီး စီးဆင်းမှုမှာ ယခင်အပတ်အောက် လျော့နည်းခဲ့ပါသည်။

     လာမည့်အခါရက်များတွင် ပြည်သာယာဈေး(အောက်ဈေး)၏ ရောင်းဝယ်မှုများရပ်နားထားမည်ဖြစ်ရာ တချို့အိမ်ပွဲရုံများမှ နယ်ဈေးကွက်အမှာတင်ပို့မှုအနည်းငယ်သာရှိနိုင်ပါသည်။ ယခုအချိန်အခါအရ သီးနှံများ၏ဈေးကွက်လျော့နည်းလာခြင်း၊ ကုန်ဝင်ကုန်ထွက်နည်းပါးခြင်းနှင့် သီးနှံများ၏အရည်အသွေးအရ ဈေးကွက်ဈေးနှုန်းအခြေအနေမှာ အကောင်းဘက်တွင် ရှိနေဦးမည်မဟုတ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)