Main menu

ပြည်ဘိုကိတ်ပဲသစ်များ လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

     ပြည်ပဲမျိုးစုံဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ပြည်အနီးတစ်ဝိုက်ဒေသများအပြင် ပေါင်းတလည်၊ ပေါက်ခေါင်းဒေသများမှလည်းဝင်ရောက်ခဲ့ပါသည်။ တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၄၀/၅၀) ကျော်ဝင်ရောက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်းလက်လီသမားများအပြင် လက်ကားဝယ်ယူမှုအနေဖြင့် ရန်ကုန်ဝယ်လက်များလည်းအဝယ်ရှိခဲ့သောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၆၈၀၀၀ကျပ်ဖြင့် ယခင်နှစ်ဈေးထက် ဈေးပိုရလာခဲ့ပါသည်။ ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ကျပ်၅ သောင်းအောက်သာရရှိခဲ့သောကြောင့် ပဲဈေးကွက်တွင်လည်း ဈေးအနိမ့်ဖြင့်သာရောင်းဝယ်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)