
ပြည်ဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကြက်သွန်သီးနှံဝင်ရောက်မှုမရှိကြောင်းသိရပြီး ဈေးကွက်အတွင်းကျန်ရှိနေသည့် ပစ္စည်းလက်ကျန်များဖြင့်သာ ရောင်းဝယ်မှုရှိနေကြောင်းသိရပါသည်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဝင်မရှိသဖြင့် ဈေးနှုန်းမှာ နိုဝင်ဘာလဆန်းတွင် အလတ်စတစ်ပိဿာလျှင် ကျပ်၃၆၀၀နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ၄၀၀၀ကျပ်နှုန်းဖြင့်ရောင်းချမှုရှိနေသည့်အတွက် ဈေးမြင့်နေကြောင်းသိရပါသည်။ အဝင်မရှိသော်လည်း အရောင်းအဝယ်မှာ ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများအနေဖြင့် ဧရာဝတီနှင့်ရခိုင်တို့သို့ နယ်ကျော်တင်ပို့မှုများဖြင့် ရောင်းဝယ်မှုရှိနေပြီး ယခုကာလ၌ ကြက်သွန်နီအစို့ပေါက်ထွက်ချိန် အလေးချိန်လျော့သည့်အချိန်ဖြစ်သဖြင့် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းခွဲခြားသတ်မှတ်ကာ ရောင်းချလျက်ရှိပါသည်။ ပြည်ပွဲရုံများနှင့် မြို့ပေါ်လက်လီဈေးများတွင် ကြက်သွန်နီကြီး/လတ်/သေးတစ်ပိဿာလျှင် လက်ကားဈေး ကျပ် (၃၅၀၀-၃၆၀၀/၃၇၀၀-၃၈၀၀/၃၉၀၀) နှုန်းတို့ရှိပြီး လက်လီဈေး ကျပ် (၃၈၀၀-၃၉၀၀/၄၀၀၀-၄၁၀၀/၄၂၀၀-၄၃၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)