Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

    ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေးကောင်းသော ပြည်မြို့တွင်ရှိသောကြောင့် ပဲအရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရသည်။

မတ်ပဲ

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ပြည်ကုန်စည်ဒိုင်၌ မတ်ပဲဈေးတက်နေပြီး ပဲတစ်တင်းကို (၉၃၀၀၀-၉၄၀၀၀)ကျပ်ခန့်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ(၂၀)ဝင် အိတ်(၂၀၀)ခန့်ရှိပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်လျှင်     ပိဿာ(၂၀)ဝင်      အိတ် (၁၀၀-၂၀၀)ခန့်အဝယ်ရှိလျက်ရှိပါသည်။

ပဲတီစိမ်း

      နိုဝင်ဘာလ ဒုတိယပတ်တွင် ပန်းတောင်းဘက်မှ ပဲတီစိမ်းသစ်များအဝင်ရှိလာပြီး ပဲတစ်တင်းလျှင် (၅၄၀၀၀)ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ တစ်ရက်လျှင် ပဲတီစိမ်းသစ် ပိဿာ(၂၀)ဝင်အိတ် (၁၀၀ - ၂၀၀)ခန့်ဝင်စပြုနေပြီး လှောင်သမားများသာအဝယ်ရှိပြီး တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၁၀၀ -၂၀၀)ခန့်သာမြို့တွင်းအဝယ်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းဈေးတက်လာပြီး တစ်တင်းကို (၉၄၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိပြီး တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၁၀၀ - ၂၀၀)ခန့် မန္တလေးအဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

     နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် တစ်ခါတစ်ရံ၌ ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ်(၂၀၀)ခန့်ရှိပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် ပဲစင်းငုံဈေးအေးနေခဲ့ပြီး တစ်ခါတစ်ရံ၌ ပဲတစ်တင်းလျှင် (၉၃၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ကာ ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

     နိုဝင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၉၂၅၀၀)ကျပ်၊ မြကြေးမုံတစ်တင်းကို (၉၅၅၀၀)ကျပ်ဖြင့် မြို့တွင်းပဲစက်သမားများ တစ်ရက်လျှင် ပိဿာ(၂၀)ဝင် အိတ် (၂၀၀ - ၃၀၀)ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် မတ်ပဲဈေးကျပြီး ကုလားပဲ (HL) တစ်တင်းကို (၉၀၅၀၀)ကျပ်၊ မြကြေးမုံတစ်တင်းကို (၉၀၅၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်ဝယ်လက်တစ်ရက်လျှင် ပိဿာ(၂၀)ဝင် အိတ်(၃၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။

ပဲကြီး

    နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲကြီးဈေးတက်နေပြီး ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၃၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၁၂၇၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် ပဲဈေးနှုန်းအေးနေပြီး ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၁၃၀၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၁၂၇၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ(၂၀)ဝင် အိတ်(၃၀၀ - ၃၅၀)ခန့်အဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

     နိုဝင်ဘာလ တတိယပတ်တွင် စားတော်ပဲတစ်တင်းလျှင် (၁၂၅၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀-၂၅)ခန့်အဝယ်ရှိခဲ့ပါသည်။ စားတော်ပဲ (ကျွန်း)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။

ဘိုကိတ်ပဲ

     နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲအသစ်များအဝင်ရှိပြီး (၆၅၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ အရောင်းအဝယ်မှာ တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၅၀-၁၀၀)ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၆၅၀၀၀ - ၆၆၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၅၀)ခန့်အဝယ်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်တွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးဈေးနှုန်းတို့မှာ မြင့်တက်လျက်ရှိပြီး စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)