Main menu

မုဒုံမြို့နယ်တွင် အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးမှုအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃)  ရက်နေ့တွင်  မွန်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် မုဒုံမြို့နယ်အတွက် ခွဲဝေရရှိထားသော (၉)ကြိမ်မြောက် စားအုန်းဆီပေပါ (၁၃) ပေပါ၊ ဆီပိဿာချိန် (၁၄၃၀) ပိဿာကို ပြည်သူလူထုထံသို့ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာ၌ စားအုန်းဆီပိဿာ (၁၄၃၀)ကို ဦးကြိုင်းပွဲရုံ၏ သတ်မှတ်ထားသောနေရာတွင် ပြည်သူလူထုအား သတ်မှတ်ထားသော‌ဈေးနှုန်းနှင့် စားအုန်းဆီပိဿာချိန်ပြည့်မီစွာရောင်းချခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းပါဝင်၍ ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီ (၁၄၃၀) ပိဿာကို တစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)