၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူး(ကိုယ်စား)ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စီမံရေးရာဌာနခွဲမှ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က “ဆန်လုံးညို(ခေါ်)လုံးတီဆန်အကြောင်းသိကောင်းစရာ” အကြောင်းကိုလည်းကောင်း၊ ဒေါ်စောပြည့်မာလာ (အငယ်တန်းစာရေး) က “စားသုံးဆီနှင့်ကျန်းမာရေး” အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးအနေဖြင့် ဝန်ကြီး၊ ဌာနရုံးချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ကြာသပတေးနေ့ စကားဝိုင်း(Thursdays Talk)ကို လစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) ကျင်းပပြုလုပ်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများ အချင်းချင်းဝေမျှနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ဝန်ထမ်း(၁၄)ဦးတက်ရောက်ကာ ၎င်းအခမ်းအနားကို နေ့လယ်(၂)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။
DOCA(ကရင်)