Main menu

မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ ငါးအမျိုးအစားများနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

   မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ ငါးဆိုင်များတွင် ငါးအမျိုးအစားပေါင်းများစွာရောင်းချလျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးမုတ်၊ ငါးကြင်းဖြူ၊ ငါးမြင်း၊ ငါးသလောက်၊ ငါးလူး၊ ငါးသလဲထိုး၊ ကကတစ်၊  ငါးဖန်ဝိုင်း၊ ပုစွန်လတ်၊ ပုစွန်ကြား၊ ဘော့ချိတ်တို့ဖြစ်ပါသည်။

   ယင်းတို့အနက် တချို့သောငါးအမျိုးအစားများ၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ငါးတန်တစ်ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ တီလားပီးယားတစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးကြင်းဖြူ (ခုတ်သား) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ မြစ်ငါးမြင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးလူးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ပုစွန်လတ် (၂၅)ကျပ်သားလျှင် (၆၀၀၀-၇၀၀၀) ကျပ်၊ ပုစွန်ထုပ်(၂၅)ကျပ်သားလျှင် ၁၀၀၀၀ကျပ်၊ ကင်းမွန်အကြီးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ရေဘဝဲ(အသေး) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းခြစ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးရှဉ့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးသလဲထိုးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ် စသည်ဖြင့်ဈေးနှုန်းအသီးသီးရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)