Main menu

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိ သော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများ ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံး   ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ရေစကြိုမြို့မဈေးအတွင်း၌ အရောင်းအဝယ် ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပဲရောဆီ တစ်ပိဿာလျှင် ကျပ်(၉၃၀၀)၊ ဆုံဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ၂၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ၂၀၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၆၀၀)၊ မျှစ်(တောင်ရိုး) တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ၂၇၀၀)၊  ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၅၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက် တစ်ပြည်လျှင် ကျပ်(၂၄၀၀ မှ ၂၆၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် (၃၅၀၀ မှ ၃၇၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀ မှ ၁၄၀၀၀)၊ ဂျင်းတက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၃၀၀ )၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)၊ မေမြို့ပဲသီး(အပြား) တစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၂၄၀၀)၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၇၀၀)၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ကျပ်(၁၇၀မှ ၂၀၀)၊ မုန်လာထုပ် တစ်ထုပ်လျှင် ကျပ်(၁၃၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၅၀)၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ ဗူးရွက် တစ်စည်းလျှင် ကျပ်(၁၅၀)၊ နံနံပင် တစ်စည်းလျှင် ကျပ်(၈၀)၊ သံပရာသီးတစ်လုံးလျှင် ကျပ်(၂၅၀)၊ မန်ကျည်းသီးမှည့် အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၇၀၀)၊ မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၆၅၀၀)၊ ကုလားပဲခြမ်း(အနီဆံ) တစ်ပြည်လျှင် ကျပ်(၇၆၀၀)၊ ကုလားပဲခြမ်း(အဖြူဆံ) တစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ဆား တစ်ပိဿာလျှင်ကျပ် (၆၀၀)၊ ကြက်သား(CP) တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာ ကျပ် (၁၅၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊    အမဲသား တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှ သိရှိရပါသည်။         

DOCA(မကွေး)