Main menu

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၈၀၀မှ ၁၀၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (အစေ့လွတ်) (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၅၀၀) ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ထိ၊  မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၁၅၀၀မှ၂၀၀၀)ကျပ်ထိ၊ တည်သီး (၁)လုံးလျှင် (၈၀၀မှ ၁၀၀၀) ကျပ်ထိ၊ ထောပတ်သီး(၁)လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်ထိ၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သလဲသီး (၁)လုံးလျှင် (၇၀၀)ကျပ်၊ သင်္ဘောသီးအမှည့် (၁)လုံးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ နဂါးမောက်သီး (၁)လုံးလျှင် (၈၀၀မှ ၁၀၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)