Main menu

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်ဆီအရောင်းဆိုင်ရှင်များအား  ဆီးအချင်အတွယ်ပြည့်ဝစေရန်နှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန်လိုအပ်ကြောင်း၊ အခြားသောဆီအမျိုးမျိုးတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန် ကုန်စုံဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)