Main menu

ဓနုဖြူမြို့မဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းသော တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၄၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၄)သို့သွားရောက်၍ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးခိုင်လွမ်းမိုးက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန် ကုန်စုံဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)