Main menu

ပန်းတနော်မြို့နယ်ရှိ ဖိုးလမင်း ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ခရိုင်ရုံးဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ရှိ ဖိုးလမင်း ဆန်စက်သို့သွားရောက်၍ ဆန်စက်လည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ၎င်းဆန်စက်သို့သွားရောက်၍ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှသာ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ဆန်စက်မှ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)