Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁၄-၁၁-၂၀၂၃) ရက်နေ့မှ (၂၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၁၂၀၀၀/-ကျပ်မှ အနိမ့်ဈေး ၁၁၅၀၀/-ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၀၃၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၀၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၁၃၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၁၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  ၁ပိဿာလျှင် ၁၁၀၀/-ကျပ်မှ ၁၂၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၃၀၀ကျပ်ဖြင့်လည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၁၅၀/-ကျပ်မှ ၄၂၀၀/-ကျပ်ဖြင့်လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၈၀၀/-ကျပ်မှ ၃၈၅၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၉၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၂၀၀/-ကျပ်မှ ၄၃၀၀/-ကျပ်ထိလည်းကောင်း၊ ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၆၀၀/-ကျပ်မှ ၅၇၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၃၆၀၀/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၆၀၀/-ကျပ်မှ ၃၉၀၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာအတက်အကျဖြစ်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းများမှာ ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။      

 DOCA(ရန်ကုန်)