Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၄-၁၁-၂၀၂၃) ရက်နေ့မှ (၂၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ပိဿာလျှင် ၄၄၁၅/-ကျပ် မှ ၄၅၀၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ပိဿာလျှင် ၄၅၈၀/-ကျပ်မှ ၄၆၇၀/-ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ပိဿာလျှင် ၆၃၃၀/-ကျပ်မှ ၆၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ပိဿာလျှင် ၂၅၀၀/-ကျပ်မှ ၂၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) ၁ပိဿာလျှင် ၃၅၈၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူးရွှေဝါ ၁ပိဿာလျှင် ၃၂၆၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ပိဿာလျှင် ၂၇၁၅/-ကျပ် မှ ၃၂၀၀/-ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ပိဿာလျှင် ၃၁၆၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ ပဲခူး ၁ပိဿာလျှင် ၂၈၀၀/-ကျပ်မှ ၂၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ပိဿာလျှင် ၂၅၈၀/-ကျပ်မှ ၂၆၇၀/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ပိဿာလျှင် ၂၈၃၀/-ကျပ်မှ ၃၁၇၀/-ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ပိဿာလျှင် ၃၂၅၀/-ကျပ်မှ ၃၃၃၅/-ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ပိဿာလျှင် ၄၆၁၅/-ကျပ်မှ ၄၆၅၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၇၀၀/-ကျပ်မှ ၆၁၀၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၁ပိဿာလျှင် ၆၀၈၅ကျပ်မှ ၆၄၃၅ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ပိဿာလျှင် ၆၅၄၅ကျပ်မှ ၇၀၈၀ကျပ်ထိလည်းကောင်း  စသည်ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)