Main menu

ပြည်ပဆန်သတင်း (၁၄-၁၀-၂၀၂၃) ရက်နေ့မှ (၂၀-၁၁-၂၀၂၃) ရက်နေ့အထိ

Powered by Drupal

    ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၉၇ဖြင့်လည်းကောင်း  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ဖြင့်လည်းကောင်း စျေးနှုန်းအနည်းငယ်မြင့်တက်သွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၈၃ဖြင့် စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။

      ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၇ဖြင့်လည်းကောင်း၊ ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၇ဖြင့်လည်းကောင်း စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

     အိန္ဒိယဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်နှင့် ၂၅မှတ်ဆန်ဈေးနှုန်းတို့ကို ဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၂ဖြင့် ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။

      ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၇၂ ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၉၀ဖြင့်လည်းကောင်း၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၅၀ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကို ဖော်ပြထားခြင်းမရှိပါ။

DOCA(ရန်ကုန်)