Main menu

ရွှေပြည်သာမြို့နယ်ရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဉီးဆောင်၍ အဖွဲ့စုံဖြင့် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ပြည်တွင်းစားဆန်ဖြစ်သည့် ပေါ်ဆန်း၊ အခြားဆန်များနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ စက်မှုဇုန်ကော်မတီနှင့် စားသုံးသူရေးရာဉီးစီးဌာတို့ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ရွှေဝါရောင်သိုလှောင်ရုံ၊ ရွှေမေတ္တာသိုလှောင်ရုံနှင့် NT သိုလှောင်ရုံများအား ပြည်တွင်းစားဆန်ဖြစ်သည့် ပေါ်ဆန်း၊ အခြားဆန်များကို ရန်ကုန်ဈေးကွက်အတွင်းသို့ ထည့်သွင်းပေးပို့ရောင်းချရာ၌ နှောင့်နှေးကြန့်ကြာမှုများမဖြစ်ပေါ်စေရန်နှင့် စီးဝင်မှုများအပေါ် အချိန်နှင့်တပြေးညီ ဖြန့်ဖြူးရောင်းချသွားနိုင်ရေး ကြပ်မတ်ရန်အတွက် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)