Main menu

ပုဇွန်တောင်မြို့နယ်၊ ဈေးကွက်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း/ ချောအမျိုးအစားအလိုက်   ထိပ်စ/လတ်စ/နိမ့်စများတွင်  ဧည့်မထ ၁အိတ်လျှင် (၈၀၀၀၀-၇၈၀၀၀-၇၃၀၀၀)ကျပ်၊     မနောသုခ ၁အိတ်လျှင် (၉၄၅၀၀-၉၀၀၀၀-၈၅၅၀၀)ကျပ်ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၆၆၅၀၀-၁၆၂၀၀၀-၁၅၇၀၀၀)ကျပ်ထိ၊    ပေါ်ဆန်း(ရိုးရိုး) ၁အိတ်လျှင်  (၁၃၈၀၀၀-၁၃၅၅၀၀-၁၃၀၀၀၀)ကျပ်ဖြင့်လည်ကောင်း၊  စားအုန်းဆီ ၁ပိဿာလျှင် ၄၉၀၀)ကျပ်၊ ပဲဆီ(ရိုးရိုး) ၁ပိဿာလျှင် (၁၀၀၀၀) ဖြင့်လည်းကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ ၁ပိဿာလျှင် (၃၄၀၀ -၄၂၀၀ -၄၅၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ပိဿာလျှင် (၁၇၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ပိဿာလျှင် (၁၆၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နနွင်းတက် ၁ပိဿာလျှင် (၆၀၀၀)ကျပ် အိုင်အိုဒင်းဆား/ရိုးရိုးဆား ၁ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ပိဿာလျှင်(၉၀၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၆၄၀၀)ကျပ်၊ ချင်း ၁ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊  ပုစွန်ခြောက်(ကြီး) ၁ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(လတ်) ၁ပိဿာလျှင် ၇၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(သေး) ၁ပိဿာလျှင် (၅၅၀၀၀) ကျပ်နှင့် ငါးကျည်းခြောက် ၁ပိဿာလျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      အလားတူ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀ - ၁၇၀၀၀) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊  အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်၊ မြန်မာကြက် ၁ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (7၀၀၀-၇၅၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)