မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့မဈေးအတွင်းသို့ ရေပုတ်၊ စကု၊ သိမ်ကုန်း၊ ငဖဲ၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ နွယ်တမယ်၊ ဆိပ်ဖြူနှင့် ရှမ်းပြည်နယ်၊ အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးမှာယူရောင်းချကြကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် မင်းဘူးမြို့မဈေး၌ရောင်းချနေသော ဟင်းသီးဟင်း ရွက်ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၃၀၀-၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ချင်း (၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပန်းမုန်လာပွင့် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ မုန်လာဥ အနီ(အကြီး)(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ရွှေဖရုံသီး (၁)လုံးလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ မုန့်ညှင်းထုပ် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၄၀၀၀)၊ ကျောက်ဖရုံသီး (၁)လုံးလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ဂေါ်ရခါးသီး (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ အာလူး(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP) (၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မကွေး)